Vigen Myanmar Application Version အသစ်အား Download ရယူပါ
Download
Friday, November 28, 2014
ဗီဂန်မြန်မာ ကျန်းမာရေး ပရဟိတ စင်တာ ၃ နှစ်ပြည့် အခမ်းအနား
ဗီဂန်မြန်မာ ပရဟိတ ကျန်းမာရေး စင်တာ ၃ နှစ်ပြည့်အခမ်းအနားကို နံနက် ၈ နာရီတွင် စတင်မှာ ဖြစ်ပါသည်။ အထူးအစီအစဉ် အနေဖြင့် Vigen ဆရာမများ က "မင်္ဂလာနေ့သစ်ဆီသို့" သီးချင်း၊ သင်တန်းသူ ဆရာမလေး များအဖွဲ့ က Korea သီချင်း ကပြဖျော်ဖြေ မှာဖြစ်ပြီး ကိုအိမ်မြှောင်နှင့် အဖွဲက အငြိမ့်၊ပြဇာတ် များဖြင့် ဖျော်ဖြေကပြပါမည်။ ထို့နောက် ဗီဂန်မြန်မာ မိသားစုများက တေးပဒေသာဖြင့် ဖျော်ဖြေပါမည်။ ထို့နောက် အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းသည့်အနေဖြင့် ဗီဂန်မှ ပရဟိတ ဆရာမများ က "ကျေးဇူးတင်ပါတယ်ရှင်" သီချင်းနှင့် ဖျော်ဖြေမှာ ဖြစ်ပါသည်။
Thursday, November 27, 2014
လည်ချောင်းနာသူများ အတွက်
လည်ချောင်းနာခြင်း အတွက် အကောင်းဆုံး အိမ်တွင်ကုထုံးများ
လည်ချောင်း နာပြီဆိုရင် အစားစားရတာ အဆင်မပြေ ဖြစ်တတ် ပါတယ်။ ထို့ပြင် လည်ချောင်းက ခဏခဏ ယားယံကာ ချောင်းလည်း ဆိုးပါတယ်။ ထိုရောဂါများကို သက်သာစေမည့် အိမ်တွင်းနည်းဖြင့် ရောဂါ ကုထုံးများကို ရေးသားလိုက်ရပါတယ်။

(၁) ဆားဖြင့် ပုလုပ်ကျင်းပေးပါ။ ဆားဖြင့်ပလုပ်ကျင်းတာက ခတွင်းအတွင်းမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်ရှင်းစင်ကြယ် စေပါတယ်။
(၂) ပျားရည် သောက်ပါ။ တစ်နေ့ကို လက်ဖက်စားဇွန်း တစ်ဇွန်း
(သို့) နှစ်ဇွန်း လောက် သောက်ပေးပါ။ အိပ်ယာဝင်ခါနီး သောက်တာက ရောဂါအတွက် ပိုမိုသက်သာ စေပါလိမ့်မယ်။
(၃) သံပုရည် သောက်ပါ။ သံပုရာရည် သောက်ရာတွင် ရေကြက်အေး ပျားရည် ဆား စတာတွေကို ရောစပ်ကာ သောက်ပါက ပိုမိုပြီး သက်သာပါလိမ့်မယ်။
(၄) ကြက်သွန် ဖြူစားပါ။ ကြက်သွန်ဖြူက ဟင်းချက်ရာမှ အဓိက သုံးတယ်ဆိုပေမယ့် ထိုကြက်သွန်ဖြူကို အစိမ်းလိုက် စားပေးပါ။
အထက်ပါ နည်းလမ်းများကို လုပ်ဆောင်ပါက သင်၏ လည်ချောင်းနာ ဝေဒနာကြီး သက်သာ ပါလိမ့်မယ်။
ကျော်လင်းနိုင် (ရိုးရာလေး)

အလှအပရေးရာ
၅ မိနစ်အတွင်း မျက်နှာကို သိသိသာသာ ပြောင်းလဲသွားမည့် နည်းလမ်း
မီးနစ်အနည်းငယ် အတွင်း မိမိ မျက်နှာကို အကောင်းဘက်သို့ သိသိ သာသာ ပြောင်း လဲသွားစေ မှာ ဖြစ်ပါတယ်။
အသုံးပြုပုံကတော့
သံပုရာသီး တစ်ခြမ်းပေါ်တွင် ပျားရည် သုံးစက် လေးစက်လောက် တင်လိုက်ပါ။ ထို့နောက် သင်၏ မျက်နှာပေါ်သို့ သံပုရာသီး အခြမ်းနှင့် ပွတ်လိုက်ပါ။ မျက်နှာပေါ်မှာ ရှိတဲ့ အဖု များ အမာရွတ်များ စတာတွေနှင့် အခြားသော အစက် အပျောက် များ ပေါ်သို့ သေချာစွာ ပွတ်ပေးပါ။ အချိန် ၅ မီးနစ် ကြာရင် ရပ် လို့ ရပါပြီ။ ထို့နောက် အေးသောရေ နှင့် မျက်နှာကို စင်ကြယ် အောင် စေကြောပေးလိုက်ပါ။
သင်မျက်နှာ သိသိသာသာ ပြောင်းလဲ သွားပါလိမ့်မယ်။
Subscribe to:
Posts (Atom)