Monday, December 22, 2014
Vigen Medical ၏ ဒုဥက္ဏဌ မစ္စတာဂင် သည် Vigen Myanmar ပုဇွန်တောင်စင်တာသို့လာရောက်ခဲ့
Vigen Medical ၏ ဒုဥက္ဏဌ မစ္စတာဂင် သည် Vigen Myanmar ပုဇွန်တောင်စင်တာသို့လာရောက်၍ Mizcell ကုသစက်အကြောင်း လာရောက်သင်ကြားနေသောပုံရိပ်များ
Vigen Medical ၏ ဒုဥက္ဏဌ မစ္စတာဂင် သည် Vigen Myanmar မင်္ဂလာဈေးစင်တာ သို့သွားရောက်ခဲ့
Vigen Medical ၏ ဒုဥက္ဏဌ မစ္စတာဂင် သည် Vigen Myanmar မင်္ဂလာဈေးစင်တာသို့လာရောက်၍ Mizcell ကုသစက်အကြောင်း လာရောက်သင်ကြားနေသောပုံရိပ်များ
Vigen Medical ၏ဒုဥက္ဏဌ မစ္စတာ ဂင်
Vigen Medical ၏ ဒုဥက္ဏဌ မစ္စတာဂင် သည် Vigen Myanmar ရုံးချုပ်သို့လာရောက်၍ Mizcell ကုသစက်အကြောင်း လာရောက်သင်ကြားနေသောပုံရိပ်များ
Sunday, December 21, 2014
ဦးကိုကြီးကိုကြီး ၏ ပုသိမ်ခရီးစဉ် Vigen Myanmar မိသားစုများနှင့် အမှတ်တရများ
ပုသိမ်မြို့ အဝင်တွင် ဦးကိုကြီးကိုကြီး အား လာရောက်ကြိုဆိုနေကြသော Vigen ပုသိမ် မိသားစုများ
ဦးကိုကြီးကိုကြီး ပုသိမ် Center ရောက်အမှတ်တရ
ဦးကိုကြီးကိုကြီး အား ကြိုဆိုနေကြသော Vigen ပုသိမ်မှ မိသားစုများ
Friday, December 19, 2014
Vigen Myanmar မှ ဇီဝိတဒါနသံဃာဆေးရုံသို့ Hasell စက်များ လှူတန်းခြင်း
Vigen Myanmar ကျန်းမာရေး အခမဲ့ ပရဟိတ စင်တာ ၏ ဥက္ကဋ္ဌ ဦးကိုကြီးကိုကြီး သည်ဇီဝိတဒါန သံဃာဆေးရုံသို့ သွားရောက်၍ ရောဂါ၊ဝေဒနာ ပျောက်ကင်း သက်သာပေါစေဟု ရှေးရှုး ကနဦးအနေဖြင့် အနီအောက်ရောင်ခြည်သုံး Hasell စက်၃လုံး အားပရဟိတ ပြုလုပ်လှူတန်းခဲ့ပါသည်။
Tuesday, December 16, 2014
Sunday, December 14, 2014
ဗီဂန်စင်တာရုံးချုပ်မှ ခရစ္စမတ်သစ်ပင်ကြီး
ဗီဂန်စင်တာရုံးချုပ်မှာ ခရစ္စမတ်အကြိုအထိမ်းအမှတ်အဖြစ် ပြုလုပ်ထားတဲ့ ခရစ္စမတ်သစ်ပင်ကြီးနဲ့ အတူဓါတ်ပုံများလည်း ရိုက်လို့ရပါပြီ
Monday, December 8, 2014
ဗီဂန်မြန်မာ မော်လမြိုင်စင်တာ ဂုဏ်ယူစွာဖွင့်လှစ်ခြင်း
ဗီဂန်မြန်မာ အခမဲ့ကျန်းမာရေးပရဟိတစင်တာရဲ့ ၁၅ခုမြောက် စင်တာဖြစ်သော မော်လမြိုင်စင်တာကို ယနေ့ နံနက် ၁၀နာရီတွင် စင်တည်ရှိရာ ဗီဂန်မြန်မာ ခန်းမ၌ ဗီဂန်မြန်မာဥက္ကဌ ဦးကိုကြီး၊ မော်လမြိုင်စင်တာအကြီးအကဲ မစ္စတာလီနှင့် ဒေသခံပြည်သူများက ဖဲကြိုးဖြတ်ဖွင်လှစ်ခဲ့ကြပါသည်။
ဗီဂန်မြန်မာ ပရဟိတစင်တာသည် ကိုရီယားနိုင်ငံအခြေစိုက် Vigen Medical ကျန်းမာရေး စက်ပစ္စည်းများထုတ်လုပ်သော ကုမ္ပဏီက နိုင်ငံတကာတွင်ဖြန့်ဖြူးရရှိသော အမြတ်ငွေကြေးမှ ရာခိုင်နှုန်းတချို့ကို ယခုကဲ့သို့ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် အခမဲ့ပရဟိတစင်တာများဖွင့်လှစ်ကာ စောင့်ရှောက်မှုပေးနေခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခဲ့သည်မှာ ၃နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ၃နှစ်ပြည့် အထိမ်းအမှတ်ခရီးစဉ်အဖြစ် ဧည့်သည်၆ဝဝခန့်နှင့်အတူ မော်လမြိုင်၊ ကျိုက္ခမီ ၊ စက်စဲ ခရီးစဉ်ကို သွားခဲ့သည်ကိုလည်း မော်လမြိုင်မြို့အတွက်ဂုဏ်ယူစရာအဖြစ် တင်ပြအပ်ပါသည်။
Friday, November 28, 2014
ဗီဂန်မြန်မာ ကျန်းမာရေး ပရဟိတ စင်တာ ၃ နှစ်ပြည့် အခမ်းအနား
ဗီဂန်မြန်မာ ပရဟိတ ကျန်းမာရေး စင်တာ ၃ နှစ်ပြည့်အခမ်းအနားကို နံနက် ၈ နာရီတွင် စတင်မှာ ဖြစ်ပါသည်။ အထူးအစီအစဉ် အနေဖြင့် Vigen ဆရာမများ က "မင်္ဂလာနေ့သစ်ဆီသို့" သီးချင်း၊ သင်တန်းသူ ဆရာမလေး များအဖွဲ့ က Korea သီချင်း ကပြဖျော်ဖြေ မှာဖြစ်ပြီး ကိုအိမ်မြှောင်နှင့် အဖွဲက အငြိမ့်၊ပြဇာတ် များဖြင့် ဖျော်ဖြေကပြပါမည်။ ထို့နောက် ဗီဂန်မြန်မာ မိသားစုများက တေးပဒေသာဖြင့် ဖျော်ဖြေပါမည်။ ထို့နောက် အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းသည့်အနေဖြင့် ဗီဂန်မှ ပရဟိတ ဆရာမများ က "ကျေးဇူးတင်ပါတယ်ရှင်" သီချင်းနှင့် ဖျော်ဖြေမှာ ဖြစ်ပါသည်။
Thursday, November 27, 2014
လည်ချောင်းနာသူများ အတွက်
လည်ချောင်းနာခြင်း အတွက် အကောင်းဆုံး အိမ်တွင်ကုထုံးများ
လည်ချောင်း နာပြီဆိုရင် အစားစားရတာ အဆင်မပြေ ဖြစ်တတ် ပါတယ်။ ထို့ပြင် လည်ချောင်းက ခဏခဏ ယားယံကာ ချောင်းလည်း ဆိုးပါတယ်။ ထိုရောဂါများကို သက်သာစေမည့် အိမ်တွင်းနည်းဖြင့် ရောဂါ ကုထုံးများကို ရေးသားလိုက်ရပါတယ်။

(၁) ဆားဖြင့် ပုလုပ်ကျင်းပေးပါ။ ဆားဖြင့်ပလုပ်ကျင်းတာက ခတွင်းအတွင်းမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်ရှင်းစင်ကြယ် စေပါတယ်။
(၂) ပျားရည် သောက်ပါ။ တစ်နေ့ကို လက်ဖက်စားဇွန်း တစ်ဇွန်း
(သို့) နှစ်ဇွန်း လောက် သောက်ပေးပါ။ အိပ်ယာဝင်ခါနီး သောက်တာက ရောဂါအတွက် ပိုမိုသက်သာ စေပါလိမ့်မယ်။
(၃) သံပုရည် သောက်ပါ။ သံပုရာရည် သောက်ရာတွင် ရေကြက်အေး ပျားရည် ဆား စတာတွေကို ရောစပ်ကာ သောက်ပါက ပိုမိုပြီး သက်သာပါလိမ့်မယ်။
(၄) ကြက်သွန် ဖြူစားပါ။ ကြက်သွန်ဖြူက ဟင်းချက်ရာမှ အဓိက သုံးတယ်ဆိုပေမယ့် ထိုကြက်သွန်ဖြူကို အစိမ်းလိုက် စားပေးပါ။
အထက်ပါ နည်းလမ်းများကို လုပ်ဆောင်ပါက သင်၏ လည်ချောင်းနာ ဝေဒနာကြီး သက်သာ ပါလိမ့်မယ်။
ကျော်လင်းနိုင် (ရိုးရာလေး)

အလှအပရေးရာ
၅ မိနစ်အတွင်း မျက်နှာကို သိသိသာသာ ပြောင်းလဲသွားမည့် နည်းလမ်း
မီးနစ်အနည်းငယ် အတွင်း မိမိ မျက်နှာကို အကောင်းဘက်သို့ သိသိ သာသာ ပြောင်း လဲသွားစေ မှာ ဖြစ်ပါတယ်။
အသုံးပြုပုံကတော့
သံပုရာသီး တစ်ခြမ်းပေါ်တွင် ပျားရည် သုံးစက် လေးစက်လောက် တင်လိုက်ပါ။ ထို့နောက် သင်၏ မျက်နှာပေါ်သို့ သံပုရာသီး အခြမ်းနှင့် ပွတ်လိုက်ပါ။ မျက်နှာပေါ်မှာ ရှိတဲ့ အဖု များ အမာရွတ်များ စတာတွေနှင့် အခြားသော အစက် အပျောက် များ ပေါ်သို့ သေချာစွာ ပွတ်ပေးပါ။ အချိန် ၅ မီးနစ် ကြာရင် ရပ် လို့ ရပါပြီ။ ထို့နောက် အေးသောရေ နှင့် မျက်နှာကို စင်ကြယ် အောင် စေကြောပေးလိုက်ပါ။
သင်မျက်နှာ သိသိသာသာ ပြောင်းလဲ သွားပါလိမ့်မယ်။
Friday, October 10, 2014
Thursday, October 9, 2014
ဘင်ဂို ဆုရရှိသူများ
ဗီဂန်မြန်မာ ပရဟိတ စင်တာ တွင် ကျင်းပသော ဘင်ဂို ကစားနည်းတွင်
အမေ ဒေါ်ခင်ရီ က ၂သိန်း၆သောင်းတန် ကိုရီးယားမိတ် လက်ကိုင်အိတ် မဲပေါက်သွားပါတယ်
အဖေ ဦးမောင်မောင်ကြည် ကတော့ Super Hygiea ပြား မဲပေါက်သွားပါတယ်
အမေ ဒေါ်တင်တင်အေး ကတော့ ဦးကိုကြီးရဲ့ လက်စွပ် မဲပေါက်သွားပြီး
အမေ ဒေါ်စန်း ကတော့ ပေတံ မဲပေါက်သွား ကြပြီး ပျော်ရွှ့င်နေသော မိဘများ၏ ပုံရိပ်တွေပါ

Tuesday, September 23, 2014
"ကျန်းမာပျော်ရွှင်သောလှပခြင်းဘဝသစ်ဆီသို့" ရောင်းချ စာအုပ်မိတ်ဆက်ရောင်းချပွဲ
Women's World Journal တွင် ပင်တိုင်ဆောင်းပါးရှင်ဖြစ်ပြီး လုံးချင်းစာအုပ်ပေါင်းများစွားကိုရေးသာခဲ့သော စားရေးဆရာမ နှင်းသီရိ ကျက်သရေ၏
"ကျန်းမာပျော်ရွှင်သောလှပခြင်းဘဝသစ်ဆီသို့" ရောင်းချ စာအုပ်မိတ်ဆက်ရောင်းချပွဲ နှင့် အမှတ်တရလက်မှတ်ရေးထိုး ပွဲကို ပုစွန်တောင်ဈေးအနီးရှိ
Vigen Myanmar Center (PZD) တွင်ကျင်းပပြုလုပ်ပါမည်။
အချိန် နံနက် ၁ဝ နာရီ
နေ့ရက် ၂၄.၉.၂ဝ၁၄
ဗီဂန်မိသားစုဝင်များအားလုံးကိုဖိတ်ကြားအပ်ပါသည်။

Monday, September 22, 2014
KMB ဖွင့်ပွဲအခမ်းအနား
KMB Total Service ဖွင့်ပွဲအခမ်းအနားကို ၂၅.၉.၂ဝ၁၄ နံနက် ၁ဝ နာရီတွင် ရွှေဂုံတိုင် ယုဇန တာဝါရှိ Vigen Myanmar ခန်းမနှင့် KMB Total Service တွင်ကျင်းပပြုလုပ်မည်ဖြစ်သည်။
ကြွရောက်အားပေးသူများကို ၁ဝ ရာခိုင်းနှုန်း Discount ကူပွန်များ ပေးဝေသွားမည်ဖြစ်သည်။အခမ်းအနားအစီအစဉ်မှာ KMB ဥက္ကဌဦးကိုကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊
တာဝန်ရှိသူများက ထုတ်ကုန်များအကြောင်းရှင်းပြခြင်း၊ ဝန်ဆောင်မှုများအကြောင်း ရှင်းပြခြင်းနှင့် KMB Total Service ကိုကိတ်မုန့်ခွဲ ၍ဖွင့်လှစ်ခြင်းတို့ဖြစ်သည်။
KMB ၏ဝန်ဆောင်မှုများမှာ
အိမ်ခြံမြေဝန်ဆောင်မှု
Money exchange
Beauty saloon
Skin & Beauty Care တို့ဖြစ်ကြောင်းသိရသည်။

Monday, September 15, 2014
Mobile ဖုန်း နှင့် ကျန်းမာရေး
ဗီဂန်မြန်မာ ပရဟိတ စင်တာတွင်
Mobile ဖုန်း နှင့် ကျန်းမာရေး အကြောင်း
ဟောပြောမည့်သူ- Vigen Myanmar ၏ IT Engineer (Hein Htet Zan)
အချိန် - ၁၈.၉.၂၀၁၄၊ ၁၂း ၄၀ (Section 8)၊ ကြာသာပတေးနေ့
နေရာ - Vigen Myanmar ရုံးချုပ်
Mobile ဖုန်း နှင့် ကျန်းမာရေး အကြောင်း
ဟောပြောမည့်သူ- Vigen Myanmar ၏ IT Engineer (Hein Htet Zan)
အချိန် - ၁၈.၉.၂၀၁၄၊ ၁၂း ၄၀ (Section 8)၊ ကြာသာပတေးနေ့
နေရာ - Vigen Myanmar ရုံးချုပ်
Thursday, September 11, 2014
ဘင်ဂို အထူးဆု
မနက်ဖြန် section 10 တွင် ဘင်ဂို အထူးဆု ထည့်ထားပါသည်။
မစ္စတာချဲခေါ် ဦးကိုကြီး ကိုယ်တိုင် ဝတ်ဆင်ခဲ့သော လက်ပတ်နာရီလေးကို လက်ဆောင်အဖြစ် ထည့်ထားပါသည်။
ကံထူးသူများ အမှတ်ရအဖြစ် ရယူနိုင်ကြပါစေ။
မစ္စတာချဲခေါ် ဦးကိုကြီး ကိုယ်တိုင် ဝတ်ဆင်ခဲ့သော လက်ပတ်နာရီလေးကို လက်ဆောင်အဖြစ် ထည့်ထားပါသည်။
ကံထူးသူများ အမှတ်ရအဖြစ် ရယူနိုင်ကြပါစေ။
ဘင်ဂို အစီအစဉ်
ဗီဂန်မြန်မာ ပရဟိတ စင်တာတွင် ဘင်ဂို ကစားနည်း အစီအစဉ်ကို မနက်ပိုင်း Section မိသာစုများ ၏တောင်းဆိုမှုကြောင့် နံနက်ပိုင်းသို့ တစ်ပတ်ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်
Mon sec 6
web sec 4
Fri sec 5
Mon sec 6
web sec 4
Fri sec 5
Thursday, August 21, 2014
ပြုံးသော
မျက်နှာကို ကြည့်ခြင်းသည်လည်း မိမိကိုယ်တိုင် ပြုံးသကဲ့သို့ NK Cell
များကိုတိုးထက်ရှင်သန်စေပေါသည်။ ထို့ကြောင့် ဦးကိုကြီးက Smile Campaign
ကိုဗီဂန်ရုံးချုပ်တွင် စတင်အကောင် အထည်ဖော်နေပါသည်။ "အပြုံး"
ရင်ထိုးလေများကို ထိုးခြင်းဖြင့်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါ။
မြန်မာတစ်ပြည်လုံးအပြုံး လှုပ်ရှားမှု တွင်ပါဝင်လာရန်
ဦးကိုကြီးကမျှော်မှန်းပါသည်။
ဦးကိုကြီးကမျှော်မှန်းပါသည်။
Thursday, July 31, 2014
ဗီဂန်မြန်မာ အခမဲ့ကျန်းမာရေး စင်တာ ဝါဆိုသင်္ဃန်း ကပ်လှူပွဲ ကျင်းပမည်
မြန်မာဗုဒ္ဓဘာသာတို့၏ အစဉ်အလာအတိုင်း ဝါဆိုကာလ မြတ်ဒါနဖြစ်သော ဝါဆိုသင်္ဃန်းကပ် အလှူကို သြဂုတ်လ ၃ရက်နေ့ နံနက် ၁၀နာရီ ရန်ကုန်မြို့ နတ်မောက်လမ်းရှိ မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ်တွင် ကျင်းပပါမည်။ ဗီဂန်မြန်မာ ကျန်းမာရေးစင်တာသည် နှစ်စဉ်နှစ်တိုင်း မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာနှင့်အညီ ဝါဆိုသင်္ဃန်းကပ်ခြင်း ကထိန်ခင်းခြင်း သင်္ကြန် သက်ကြီးပူဇော်ခြင်းများကို ကျင်းပလာရာ ယခုဆိုလျှင် သုံးနှစ်ပင် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
Subscribe to:
Posts (Atom)